Text Size
   
Home Knowledge Singapore PR Application
Mar 09
Tuesday

What's new in StudioAMK.com!

  • Welcome Back !!!

    heartbeatW

    elcome Back!!! The New StudioAMK.com is coming back online with more and more interesting and exicting features. As usual, here you can get various softwares, games, multimedia files and various kind of articles at no cost, which are originally created by me...
  • New Structure...

    blog-creation-4

    S

    tudioAMK.com has been restructured to have lesser sections. It has been narrowed down to as little as two sections, Blog, where all my articles go and, Creations, where all my original creations such as programs and files go...
  • New Login Systems...

    keyD

    id you know... You are already a registered member of StudioAMK.com, if you have a account or an OpenID account. A wide options of authentication creates an easy way to use a single digital identity across the Internet. It doesn't matter, if you do not have such accounts. You can always register a new account at StudioAMK.com.
  • More & More Features...

    bookmark Social Bookmarkings textsize Adjustable Font Size
    tags Tags Cloud pdf Article to PDF
    notify Follow-up Notification print Easy Print
    search Advanced Search
    mail Email to Friend
  • Download Font

Add to: JBookmarks Add to: Facebook Add to: Mr. Wong Add to: Windows Live Add to: Bookmarks.cc Add to: Digg Add to: Del.icoi.us Add to: Reddit Add to: Jumptags Add to: Upchuckr Add to: Slashdot Add to: Netscape Add to: Furl Add to: Yahoo Add to: Blogmarks Add to: Diigo Add to: Technorati Add to: Newsvine Add to: Blinkbits Add to: Ma.Gnolia Add to: Spurl Add to: Google Add to: Blinklist Information

Log In



You can also Login with a account or
Singapore PR Application PDF Print E-mail

Tags: pr application | singapore

Wednesday, 03 December 2008 18:41
merlionစင်္ကာပူမှာ PR တင်တော့မယ်ဆိုရင်

PR ဘာကြောင့်ရယူသင့်တယ်တဲ့ အချက်တွေကတော့ အများကြီးပါပဲ... Credit Card တွေ၊ အိမ်ဝယ်နိုင်တာတွေ သာမက အချို့အချို့သော PR နှင့် နိုင်ငံသားကိုသာ လက်ခံတဲ့ အလုပ်တွေကိုပါ လျောက်လို့ရလာနိုင်ပါတယ်... EP, S-pass စတာတွေလို အလုပ်ပြောင်းတိုင်း ကဒ်အသစ်ပြန်လျှောက်ရတာ၊ သတင်းပေးရတာတွေလည်း လုပ်စရာ မလိုတော့ပါဘူး။ ဒါတင်မက မိမိနဲ့ဆက်နွယ်သူတွေကိုပါ အကျိုးရှိစေနိုင်ပါတယ်... ဥပမာ မိဘတွေအတွက် Long Term Social Visit Pass လျောက်ပေးနိုင်တာမျိုး၊ မောင်နှမသားချင်းတွေအတွက် ကျောင်းတက်ဖို့ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ Bank ကနေငွေချေးနိုင်တာမျိုး(ပြီးရင်တော့ ပြန်ဆပ်ရမှာနော်...) စသည်ဖြင့် ပြောစရာတွေအများကြီးပါပဲ...

ကဲ.. အဲ့ဒီတော့ PR တင်တော့မယ်ဆိုရင်ဘာတွေလိုတယ်... မတင်ခင်ဘာတွေလုပ်သင့်တယ် ဆိုတာတွေကို အောက်ပါခေါင်းစဉ်တွေနဲ့ ကျွန်တော်သိသလောက်၊ အတွေ့အကြုံရှိသလောက် ဆွေးနွေးပေးသွားပါမယ်။

၁။ ပီအာ တင်ဖို့အချိန်ကျပြီလား
၂။ တင်ပြီးရင် ကိုယ့်အတွက်ကျနိုင်တဲ့ အခွင့်အရေးက ဘယ်လောက်ရှိသလဲ
၃။ စာရွက်စာတန်းတွေပြည့်စုံပြီလား
၄။ တကယ်တင်ဖို့ ဘယ်က ဘယ်လိုစရမလဲ
၅။ အသုံးဝင်မည့်လိပ်စာများ

၁။ ပီအာ တင်ဖို့အချိန်ကျပြီလား

ICA (စင်္ကာပူ လူဝင်မှုကြီးကြပ်ရေး) ရဲ့ ဥပဒေအရတော့ ဘယ်အချိန်အခါဆို၊ ဘယ်သူမဆို ပီအာလျောက်ထားနိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် လက်ရှိ စင်္ကာပူမှာ အခြားသော Pass တွေနဲ့ အလုပ်လုပ်လက်စသူတွေ အတွက်ကတော့ အနည်းဆုံး ၆ လ နေပြီးမှ လျောက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့တောင်းခံတဲ့ စာရွက်စာတန်းတွေထဲမှာ လွန်ခဲ့သော ၆လ မှ လက်ရှိ အချိန်အထိ၊ လစဉ် လစာဖျက်ပိုင်း (Pay Slip) တွေကို တွဲပြီးတင်ခိုင်းပါတယ်။ အဲ့ဒီတော့ ၆လ မပြည့်ပဲတင်ရင် စာရွက်စာတန်း မပြည့်စုံသလိုဖြစ်သွားနိုင်ပါတယ်။ စာရွက်စာတန်းအကြောင်းတွေကိုတော့ အောက်မှာ အသေးစိပ်ထပ်ရှင်းပေးပါမယ်။ အချုပ်ပြောရင် ကိုယ့်ဘက်ကို Safe-side ယူပြီး အနည်းဆုံး ၆လကျော် ၇လလောက်မှသာ တင်ကြည့်သင့်ပါတယ်လို့ အကြံပြုလိုပါတယ်။


၂။ တင်ပြီးရင် ကိုယ့်အတွက်ကျနိုင်တဲ့ အခွင့်အရေးက ဘယ်လောက်ရှိသလဲ

သူတို့က Basic Guideline ပေါ်မူတည်ပြီး Case by Case ဆုံးဖြတ်တယ်လို့သိထားပါတယ်။ အဲ့ဒီတော့ သူများ နဲ့ ကိုယ်နဲ့ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံ တူခဲ့ရင်တောင် Result ကတူချင်မှ တူမှာပါ။ အကောင်းဆုံးကတော့ Online ကနေ အရင်ဆုံးစမ်းပြီးတင်ကြည့်သင့်ပါတယ်။ တကယ်တင်ရတာတော့မဟုတ်ပါဘူး။ မိမိအခြေအနေ ဘယ်လိုရှိတယ်။ ဖြစ်နိုင်ခြေဘယ်လိုရှိတယ် ဆိုတာကို သူကခန့်မှန်းပေးတာပါ။ ကျွန်တော့တုန်းကဆို အမျိုးမျိုးစမ်းထည့်ကြည့်၊ ထွက်လာတဲ့အဖြေတွေကို ယှဉ်ကြည့်နဲ့ သူတို့ဘယ်အချက်တွေပေါ်ကိုမူတည်ပြီး ဆုံးဖြတ်တယ်ဆိုတာကို ရအောင်ခန့်မှန်းပါတယ်။ ကျွန်တောခန့်မှန်းတာမှားနေတာလည်း ဖြစ်နိုင်တဲ့အတွက် ကျွန်တော့ခန့်မှန်းချက် ရလဒ်က ဘာဆိုတာကို ဒီမှာထည့်မရေးတော့ပါဘူး။ တစ်ခု သတိထားသင့်တာက သူက ရနိုင်တယ် ပြောတိုင်းလည်း အပြင်မှာ တကယ် ရချင်မှရမှာပါ။ မရဘူးပြောတိုင်းလည်း မရတော့တာမျိုးတော့မဟုတ်ပါဘူး။ ဆိုလိုတာကတော့ သူပြောတဲ့ Result ကို အတည်အဖြစ်မယူပဲ ဘာကဖြစ်နိုင်ခြေများတယ်၊ ဘယ်လိုအခြေအနေဆိုရင်တော့ ပိုကောင်းတယ်ဆိုတာကို ခန့်မှန်းဖို့ပါပဲ။ ဒီနေရာမှာ သွားပြီးစမ်းကြည့်နိုင်ပါတယ်...


၃။ စာရွက်စာတန်းတွေပြည့်စုံပြီလား

အရင်ဆုံးလုပ်သင့်တာကတော့ ဒီနေရာ ကနေပြီး မိမိတင်ရမယ့် ပီအာ Application Form ကို အရင်ရယူပါ။ အဲ့ဒီမှာ ဖော်ပြထားတဲ့ စာရွက်စာတန်းတွေကို မိမိလက်ဝယ် ရှိ/မရှိ အရင်ဆုံးစစ်ဆေးပါ။ မြန်မာလိုရေးထားတဲ့ စာရွက်စာတန်းတွေအားလုံးအတွက် Notary Original လိုပါတယ်။ မိမိနှင့်တိုက်ရိုက်သက်ဆိုင်သော မြန်မာလိုရေးထားတဲ့စာရွက်စာတန်းတွေ (ဥပမာ မွေးစာရင်း၊ ဘွဲ့လက်မှတ်) အတွက်ဆိုရင်တော့ မြန်မာလိုရေးထားတဲ့ မူရင်းပါ လက်ဝယ်ရှိဖို့လိုအပ်ပါတယ်။ အခြားမြန်မာစာရွက်စာတန်း (ဥပမာ သန်းခေါင်စာရင်း) တွေကျတော့ မြန်မာလို မိတ္တူပါရင်လုံလောက်ပါပြီ။ သူတို့မြန်မာလို ဖတ်တတ်လား၊ မဖတ်တတ်လား တော့ သေသေချာချာ မသိပါဘူး။ အသေအချာကို တောင်းကြည့်ပါတယ်။ ကျွန်တော့်တုန်းကဆို မွေးစာရင်းကို Notary Original + မြန်မာလို မိတ္တူ ပါသွားသည့်တိုင်အောင် မြန်မာလိုမူရင်းကို တောင်းကြည့်ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်မှာမရှိပါဘူး။ မြန်မာပြည်မှာထားခဲ့လို့ပါ။ အဲ့ဒီလိုဖြစ်ခဲ့ရင်လည်း မကြောက်ပါနဲ့။ ငါချက်ချင်းလှမ်းမှာပေးလို့ရတယ်။ ငါ့ကို Request စာနဲ့ တွဲတင်ခွင့်ပြုပါလို့ အဲ့ဒီက Officer ကိုပြောပြီး မိမိရဲ့မြန်မာမူရင်းကို အလိုရှိက အချိန်မရွေးတောင်းကြည့်နိုင်ကြောင်း၊ မြန်မာပြည်ကနေ လှမ်းမှာမည်ဖြစ်ကြောင်းကို Request Form မှာ ရေးပေးလိုက်ပါ။ အရေးကြီးတာပြောချင်ပါသေးတယ်။ အချို့အချို့တွေကပြောနေကြပါတယ်... Notary ဆို မြန်မာပြည်က နိုင်ငံခြားရေးဘာဘာညာညာ (MOFA) က တုန်းလိုတယ်တို့ဘာတို့နဲ့ ရွာကမိဘတွေခမျာ ပျဉ်းမနားပြေးရ၊ ဒေါ်သန်းသန်းနုပြေးရနဲ့ ငွေကုန်လူပင်ပန်း ဖြစ်ကုန်မှာစိုးလို့သတိပေးချင်ပါတယ်။ ဘာ MOFA တွေ ဆိုဖာတွေက တုန်းတွေ ပလုံးတွေမလိုပါဘူး... မိမိစာရွက်စာတန်းတွေကသာ အမှန်အကန်ဖြစ်မယ်ဆိုရင် အဆင်ပြေမှာပါ။ ကျွန်တော့်တုန်းကဆို ကုန်သည်လမ်း KMD အရှေ့က ကုလားမဆိုင်ထွက် Notary တွေနဲ့တင် အလုပ်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုက Pay Slip ပါ။ မူရင်းတွေလိုပါတယ်။
(မိန်းမရေ ဒီစာကြောင်းကျော်ဖတ်နော်။) ကျွန်တော့ မိန်းမဆို Pay Slip တစ်ခုမှမရှိပါဘူး။ ရတာနဲ့ လွင့်ပစ်လိုက်ပါတယ်။ ကျွန်တော့သူငယ်ချင်းအများစုလည်း သိမ်းထားလေ့မရှိကြပါဘူး။ ပီအာလျှောက်မယ်လို့စိတ်ကူးထားရင် Pay Slip တွေကို စပြီး စုထားပါတော့...။ စာရွက်စာတန်းနဲ့ပတ်သက်ပြီး ကျန်တာတော့ အထွေအထူးပြောစရာမရှိတော့ပါဘူး။ စာရွက်စာတန်းအတုလုပ်ပြီး မတင်ဖို့ပဲထပ်မှာချင်ပါတယ်။


၄။ တကယ်တင်ဖို့ ဘယ်က ဘယ်လိုစရမလဲ

ပီအာတင်ဖို့အချိန်လည်းကျပြီ၊ စာရွက်စာတန်းတွေလည်းပြည့်စုံပြီဆိုရင်တော့ ဒီတစ်ခါ တကယ်တင်ဖို့ပြင်ဆင်ကြပါမယ်။ အရင်ဆုံးလုပ်ရမှာက ရက်ချိန်းယူဖို့ပါ။ ဒီနေရာ ကနေ ရက်ချိန်းယူပါ။ မိမိတကယ်အားတဲ့ရက်၊ တကယ်သွားနိုင်မယ့်အချိန်မျိုးကိုရွေးပါ။ မိမိနဲ့အတူ မိသားစုဝင်တွေကိုပါ တွဲတင်မယ်ဆိုပါက သူတို့ပါ အားမယ့် ရက်ကို ရွေးပါ။ ရက်ရွေးပြီးသွားပြီဆိုရင်တော့ စာရွက်စာတန်းတွေကို ဖိုင်စတွဲဖို့အချိန်ကြပါပြီ။ ဘယ် စာရွက်စာတန်းက မိတ္တူဘယ်နှစ်စုံလိုတယ်ဆိုတာကို သေသေချာချာပြန်စစ်ဆွေးပါ။ ဥပမာ ပညာရေးနဲ့ပတ်သက်တဲ့စာရွက်စာတန်းတွေဆို နှစ်စုံစီလိုပါတယ်။ လက်ရှိလုပ်လက်စအလုပ်ကထောက်ခံစာယူဖို့လည်း မမေ့ပါနဲ့။ Form ဖြည့်တဲ့အခါ နောက်လာမယ့် ၅လ-၆လ အတွင်းဆက်သွယ်လို့ရနိုင်မယ့် လိပ်စာကိုထည့်ပေးပါ။ မိမိ Application ကို Accept လုပ်သည်ဖြစ်စေ၊ Reject လုပ်သည်ဖြစ်စေ ICA က မိမိကို သမရိုးကျစာပို့စနစ် (စာတိုက်ပုံးထဲ ထည့်ရသောစာ) နှင့်သာ ပြန်ဆက်သွယ်ပါမယ်။ အကြောင်းကြောင်းကြောင့် Application တင်တုန်းကလိပ်စာနဲ့ လက်ရှိလိပ်စာ မတူတော့ရင် ICA ကို အသိပေးဖို့လိုအပ်ပါလိမ့်မယ်။ အဲ့ဒီလိုအလုပ်ပိုတွေမဖြစ်ရလေအောင် အတည်တကျဖြစ်နိုင်မယ့် လိပ်စာမျိုးကို တစ်ခါတည်းရွေးပြီးဖြည့်စေချင်ပါတယ်။ ကျွန်တော့တုန်းကတော့ Form မဖြည့်ခင် စဉ်းစားခဲ့တာတွေ အများကြီးပါပဲ။ အခုတော့ သိပ်မမှတ်မိတော့ပါဘူး။ Form ဖြည့်လို့အခက်အခဲရှိခဲ့ရင် မေးမြန်းနိုင်ပါတယ်။ တကယ်တင်မယ့်ရက်ရောက်ပြီဆိုရင်တော့ Application ထဲမှာ တွဲပါတဲ့သူတွေအားလုံး အတူတကွ၊ ရက်ချိန်းယူထားတဲ့ အချိန်ထက်နောက်မကျအောင် ICA ကို သွားဖို့လိုပါမယ်။ လိုလိုမယ်မယ် မိမိမှာရှိသမျှ စာရွက်စာတန်းတွေကို ပိုပိုလိုလိုယူသွားပါ။ တင်ပြီးသွားပြီဆိုရင်တော့ နေ့စဉ်စာတိုက်ပုံးကို ပုံမှန်ဖွင့်ကြည့်ပါတော့... ရင်ခုန်စရာ အချိန်ကာလပါ။ သာမန်ဆို အကြမ်မျဉ်း ၃ လခန့်
ကြာတတ်ပါတယ်.. ကျွန်တော့တုန်းကတော့ ၁လ နှင့် ၂ပတ်ခန့် ကြာပါတယ်။ ကြာမယ်လို့သာ သဘောထားထားပါ။ အဲ့ဒီတော့ စောပြီးပီအာကျခဲ့ရင် ပိုပျော်ရတာပေါ့...။ အားလုံးအစဉ်ပြေနိုင်ကြပါစေဗျာ...။ Good Luck..!


၅။ အသုံးဝင်မည့်လိပ်စာများ

ICA ရဲ့ ပီအာတင်ခြင်းနဲ့ပတ်သက်တဲ့ Page:
http://www.ica.gov.sg/page.aspx?pageid=151

ပီအာတင်ရင် ရနိုင်/မရနိုင် စစ်ဆေးပေးသော Page
https://www.psi.gov.sg/NASApp/tmf/TMFServlet?app=NEAT-PUBLIC&isNew=true&Reload=true

ပီအာတင်ရန် ရက်ချိန်ယူရမည့် နေရာ
https://eappointment.ica.gov.sg/ibook/index.do

ပီအာ Application Form
http://www.ica.gov.sg/data/resources/docs/PR%20Services/Form4A.pdf

ပီအာ တင်ရန် လိုအပ်သောစာရွက်စာတန်းစာရင်း
http://www.ica.gov.sg/data/resources/docs/PR%20Services/FormEP4.pdf

 

Add comment


Security code
Refresh

Home Knowledge Singapore PR Application