Text Size
   
Home My Diary ကိစ္စများ‌မြောင်လူတို့‌ဘောင်
Mar 09
Tuesday

What's new in StudioAMK.com!

  • Welcome Back !!!

    heartbeatW

    elcome Back!!! The New StudioAMK.com is coming back online with more and more interesting and exicting features. As usual, here you can get various softwares, games, multimedia files and various kind of articles at no cost, which are originally created by me...
  • New Structure...

    blog-creation-4

    S

    tudioAMK.com has been restructured to have lesser sections. It has been narrowed down to as little as two sections, Blog, where all my articles go and, Creations, where all my original creations such as programs and files go...
  • New Login Systems...

    keyD

    id you know... You are already a registered member of StudioAMK.com, if you have a account or an OpenID account. A wide options of authentication creates an easy way to use a single digital identity across the Internet. It doesn't matter, if you do not have such accounts. You can always register a new account at StudioAMK.com.
  • More & More Features...

    bookmark Social Bookmarkings textsize Adjustable Font Size
    tags Tags Cloud pdf Article to PDF
    notify Follow-up Notification print Easy Print
    search Advanced Search
    mail Email to Friend
  • Download Font

Add to: JBookmarks Add to: Facebook Add to: Mr. Wong Add to: Windows Live Add to: Bookmarks.cc Add to: Digg Add to: Del.icoi.us Add to: Reddit Add to: Jumptags Add to: Upchuckr Add to: Slashdot Add to: Netscape Add to: Furl Add to: Yahoo Add to: Blogmarks Add to: Diigo Add to: Technorati Add to: Newsvine Add to: Blinkbits Add to: Ma.Gnolia Add to: Spurl Add to: Google Add to: Blinklist Information

Log In



You can also Login with a account or
ကိစ္စများ‌မြောင်လူတို့‌ဘောင် PDF Print E-mail
Sunday, 20 May 2007 03:40
ကိစ္စများ‌မြောင်လူတို့‌ဘောင်...

ဒီစာကို‌ရေးချင်တဲ့တာကြာလှပါပြီ... အခွင့်အ‌ရေးမပေးသေးလို့ပါ... သင်္ကြန် မတိုင်မှီက‌ေတာ့ သင်္ကြန်တွင်းဆို ဘယ်မလျှောက်မသွားဘူး အိမ်မှာပဲ ‌အေးအေးဆေးဆေးနဲ့ Program ‌ရေးမယ်လို့ စိတ်ကူးထား ခဲ့‌ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး... en2mm v2 ကို တစ်ရက်နောက်ကျပြီးမှ လွင့်တင်ဖြစ်ခဲ့ပါတယ်... ဘာကြောင့်နောက်ကြခဲ့ရသလဲဆိုတာကို အောက်က အကျဉ်းကျုံးထားတဲ့ နေ့စဉ်မှတ်တမ်း‌မှာသာကြည့်ကြည့်ပါ‌တော့...




၁၂ ဧပြီ။ ။ သူငယ်ချင်းတစ်‌ယောက်က သီချင်း website လုပ်ချင်တယ် ဆိုပြီး အကူအညီတောင်းလာလို့ php ရယ်၊ my sql ရယ်နဲ့ နှစ်ပါးသွား ခဲ့ရပါတယ်...

၁၃ ဧပြီ။ ။ နှစ်ပါးသွား‌နေတုန်းပါပဲ... Domain ဝယ်လိုက်တာ Account ID ကို ZeroHackeR နဲ့ ယူလိုက်တာကြောင့် နှစ်ပါးသွားတာ ပိုရှည်သွားပါတယ်... Bank က ပိုက်ဆံလွှဲပြီးမှ အဲဒီနာမည်ကြောင့် ကြောက်အား၊လန့်အားနဲ့ Yahoo ကို ပြန်ပိတ်ခိုင်းလို့ ဒုက္ခနဲ့ လှလှ ‌တွေ့သွားပါ‌တော့တယ်... အခုချိန်ထိပြန်ဖွင့်မပေးသေးပါဘူး...

၁၄ ဧပြီ။ ။ အရက်သမား‌တွေမြူးတဲ့၊ ရန်ရှာချင်တကောင်တွေပေါတဲ့၊ မြန်မာမဆန်တဲ့ မိန်းမ‌တွေကဲတဲ့ ယခု‌ခေတ်သင်္ကြန် ကို ကျွန်‌ေတာ် မ‌ပျော်တော့ပါ။ ထွက်မလည်ဘူးလို့စိတ်ကူးထားပေမယ့် ညီမလေး တစ်ယောက်ရဲ့အိမ်က လူကြီးမပါရင်မသွားရဘူးဆိုလို့ ကျွန်‌တော် လူကြီးအဖြစ်နဲ့လိုက်သွားပေးရပါတယ် (၂၄ နှစ်‌ကျော် ပြီဆိုတော့ လူကြီး ဖြစ်ပြီ‌ပေါ့လေ... အော်... လူကြီဖြစ်ပြီ‌ပေါ့...)။ အဲ့ဒီ‌ နေ့တော့ဘာမှ မလုပ်ဖြစ်ပါဘူး...

၁၅ ဧပြီ။ ။ မ‌နေ့ကဒဏ်‌တွေကို ခံစား‌နေရဆဲပါ။ တကိုယ်လုံးပူလို့... ကနေတဲ့ နှစ်ပါးသွားကို ပြီး‌အောင် မနည်း ‌ရေးဆဲပါ... ဒီကြားထဲ မုန့်လုပ်လို့ လာစားပါဆိုလို့ သွားစားလိုက်ရသေးတယ်... ဒီကြားထဲ site ကို upload လုပ်မရက ဖြစ်‌သေး..

၁၆ ဧပြီ။ ။ နှစ်ပါးသွား‌နေတာ ည ၁၂ ခန့်မှာ ပြီးသွားပါတယ်... ခင်ဗျားတို့ဆီကို မကြာမှီမှာ ဒီ web site ‌လေးရောက်လာမှာပါ။ အဲ့ဒီညကမှ ကျွန်တော့ရဲ့ en2mm v2 ကို ပြန်စထိနိုင်ပါတယ်... နံနက် ၃ နာရီခန့်မှာ‌တော့ ကျွန်တော် လုံးဝ Down သွားပါ‌တော့တယ်...

၁၇ ဧပြီ။ ။ နံနက် အိမ်မှာ ဘုရားစင်ရှင်းတာ‌တောင်မသိလိုက်ပါဘူး။ ၁ဝနာရီမှနိုးပါတယ်... မနက်ဖြန်ဆို အချိန်‌စေ့ပြီ... အခုထိလည်း အ‌ချောမသပ်ရ‌သေးဘူး... သွားတိုက်၊မျက်နှာသစ်ပြီးတာနဲ့ စဖြဲပါ‌ေတာ့ တယ်... ညနေဘက်ကြ‌တော့ မွေးနေ့ပွဲရှိတာကြောင့် အပြင်ထွက်ရပြန် ပါတယ်... ဒီညလည်း နံနက် ၃ နာရီမှအိပ်ဖြစ်ပါတယ်...

၁၈ ဧပြီ။ ။ နံနက် ၄နာရီခွဲ မှာတော့ အရုဏ်ဆွမ်းကပ်ဖို့ရှိလို့ ပြန်ထရပါတယ်... တနေကုန်‌တောက်လျောက်ပါပဲ... ‌နေ့လယ်ပိုင်းလေး တစ်ချက်လောက်ပဲ Program ကို ပြန်ထိနိုင်ပါတယ်... ပထမထဲက ထည့်မ‌ပေးသေးဘူးလို့ စိတ်ကူးထားတဲ့ Web update, Plugins နဲ့ Features တစ်ချို့ကိုပါ ထည့်‌ရေးလိုက်ပါတယ်... ‌ကောင်းကောင်းသုံးစေချင်လို့ပါ... ပြီး‌တော့ ရုပ်ရှင်သွားကြည့်ကြရ ပါတယ်... အဲ့ဒီညကတော့ တင်ရင်မလောက်ပါတယ်... ဒါ‌ေပမယ့် en2mm အတွက် official site ‌သက်သက်တစ်ခု ခွဲမယ်လို့စိတ်ကူးရလာ တာနဲ့ပဲ... မတင်ပဲထားလိုက်ပါ‌တော့တယ်... လူလည်းလုံးဝ အားမရှိ ‌တော့တာလည်းပါပါတယ်...

၁၉ ဧပြီ။ ။ ဒီ‌နေ့တော့ en2mm official site အတွက် လုံးပန်း‌နေရပါတယ်။ ပထမ‌ေတာ့ database နဲ့‌ရေးဖို့ပါပဲ... ဒါ‌ပေမယ့် အချိန်ထပ်ကြာသွားမှာ စိုးတာနဲ့ပဲ Fixed ပဲ‌ရေးလိုက်ပါ‌တော့တယ်... ဒီ‌နေ့လည်း ည‌နေကတည်း ကအပြင်ထွက်‌နေရပြန်ပါတယ်...

၂ဝ ဧပြီ။ ။ Program ရဲ့update link ‌တွေကိုပြန်ပြင်‌ရေးပါတယ်... ပြီး‌တော့ web site ကို အ‌ချောသပ်ပါတယ်... အဲ့ဒီညမှာ‌တော့ တကယ်တင်ဖြစ်လိုက်ပါပြီ...
 

Comments  

 
#2 k* 2009-01-12 14:26 cheers! Quote
 
 
#1 Hlaing Phone Aung 2009-01-06 23:27 အလည်ရောက်သည်။ Quote
 

Add comment


Security code
Refresh

Home My Diary ကိစ္စများ‌မြောင်လူတို့‌ဘောင်